Posts

"ပညာကြေးပါ"

Image
"ပညာကြေးပါ"                ဒီပုံပြင်လးကတော့ တချို့လဲကြားဖူးကြမယ် ထင်ပါတယ်။ မကြားဖူးသူများအတွက် ရေးလိုက်တာပါ။ စက်ရုံမှူးတစ်ယောက်က တစ်နေ့မှာ သူ့စက်ရုံရဲ့ ဘွိုင်လာအိုး (ရေနွေးငွေ့အိုး) ပေါက်သွားလို့ ဘွိုင်လာကျွမ်းကျင်ပညာရှင် တစ်ယောက်ကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။                မကြာခင် ပညာရှင် စက်ရုံသို့ရောက်လာပြီး ဘွိုင်လာအိုးကို စက်ရုံမှူးနဲ့ အတူသွားကြည့်ကြပါတယ်။ ဘွိုင်လာအိုး ရှိတဲ့နေရာရောက်တာနဲ့ ပညာရှင်ဟာ သူ့ပစ္စည်း ကိရိယာထည့်တဲ့ သေတ္တာလေးထဲက တူသေးသေးလေး တစ်လက်ကို ထုတ်လိုက်ပါတယ်။ ပြီးတော့ဘွိုင်လာဘေးဘက် နေရာအနည်းငယ်မှာ သူ့တူလေးနဲ့ လေး၊ ငါးချက်လောက် ခေါက်လိုက်ပါတယ်။ ပြီးတာနဲ့ စက်ရုံမှူးကိုပြောလိုက်တယ်။ "ဒီနေရာမှာ အပေါက်တစ်ခု ရှိနေတယ်။ အပေါက်ကနေ လေစိမ့်ထွက်နေတယ်။ ဖာလိုက်ရင် ကောင်းသွားမှာပါ" တဲ့။                စက်ရုံမှူးကလဲ ဘွိုင်လာအပြစ်ကို လွယ်လွယ်ကူကူရှာတွေ့ပြီး ခက်ခက်ခဲခဲ ပြင်စရာမလိုတာကြောင့် အတော်သေး ဝမ်းသာသွားတယ်။ 'ဆရာ ဒီစစ်ဆေးခအတွက် ဘယ်လောက်ကျပါသလဲ ခင်ဗျ...

လိုချင်တာထက် ပိုင်ဆိုင်ထားတာကို ပိုပြီး တန်ဖိုးထားပါ........။

Image
လိုချင်တာထက် ပိုင်ဆိုင်ထားတာကို ပိုပြီး တန်ဖိုးထားပါ........။               ကျွန်တော်ဟာ စိတ်‌‌ေ၀ဒနာရှင်တွေကို ကုသပေးရင်းနဲ့ သူတို့ကို စိတ်ဆင်းရဲမှုဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုကို သိလိုက်ရတယ်။ အဲ့ဒါက လူတွေဟာ လက်၀ယ်မှာရှိနေတဲ့ အရာတွေထက် မရှိသေးလို့ လိုချင်နေတဲ့ အရာတွေပေါ်မှာ အာရုံထားနေတတ်ကြခြင်းပါ။ ဆိုလိုချင်တာက လက်၀ယ်ပိုင်ဆိုင်နေကြတာတွေနဲ့ ကျေနပ်မနေနိုင်ကြပဲ လိုချင်တာတွေကိုပဲ တမ်းတနေတတ်ကြတယ်။ လိုချင်တာတွေကို မရမချင်းစိတ်ထဲမှာ မကျေနပ်အားမရဖြစ်နေကြတယ်။ စိတ်ထဲမှာ “ငါဒီဟာကို ရပြီးရင် စိတ်ချမ်းသာမယ်” လို့တွေးထင်နေကြတယ်။ ဒါပေမဲ့ အဲ့ဒီအရာကို ရပြီးသွားပြန်တော့ နောက်တစ်ခုကို ထပ်လိုချင်ပြန်ရော။ လိုချင်တဲ့နောက်တစ်ခုကို ရလိုက်ပြန်တော့လဲ နောက်ထပ်အသစ်တစ်ခု ကိုထပ်လိုချင်ပြန်ရော။ ဒီလိုနဲ့ လိုချင်တဲ့ ဆန္ဒကို အတောမသတ်နိုင်လို့ စိတ်အေးချမ်းသာမှု မရနိုင်ဘူး။             သူငယ်ချင်းတစ်ယောက်က မကြာသေးခင်ကမှ ကားအသစ် တစ်စီးကို ၀ယ်လိုက်တယ်။ ကျွန်တော်တို့ ဆုံနေကြ နေရာကို ကားနဲ့ လာခဲ့တာမလို့ ကျွန...

"မတူညီတဲ့ ရှုထောင့်က ရေးထားတဲ့ စာတွေကိုလဲ ဖတ်ပါ"

Image
"မတူညီတဲ့ ရှုထောင့်က ရေးထားတဲ့ စာတွေကိုလဲ ဖတ်ပါ"             လူတစ်ချို့မှာ ဒီအကျင့်တခုရှိကြတယ်.... အဲ့ဒါက သူတို့ဟာ လူတွေနဲ့ စကားပြောရာမှာ တစ်ဖက်သားရဲ့ အမြင်သဘောထားကို လုံး၀ လက်မခံတတ်ကြဘူး... သူတို့ပြောတာပဲ အမှန်ဖြစ်တယ်... လို့ ယုံကြည်ကြတယ်... ။ အဲ့ဒီလိုလူမျိုးတွေကို သေချာလေ့လာကြည့်မယ် ဆိုရင်..... သူတို့ဟာ စာမဖတ်ကြသူတွေဆိုတာကို တွေ့ရမှာပါ...... ဒါမှမဟုတ် စာဖတ်ကြတယ် ဆိုရင်လည်း.... သူတို့ သဘောထား .... သူတို့ အမြင်နဲ့ ကိုက်ညီတဲ့ စာမျိုးကိုပဲ ဖတ်တဲ့ သူတွေဆိုတာကို.. တွေ့ရပါတယ်.... ။ နောက်ပြီး TV Show နဲ့ Facebook မှာတောင် သူတို့နဲ့ အမြင်မတူတဲ့ သူက ...... သူတို့ နဲ့ မတူညီတဲ့ သဘောထားနဲ့   တင်ဆက်ထားတဲ့ ..... ရေးသားထားတဲ့ အကြောင်းအရာဆိုရင်တောင်.... လုံး၀ လက်မခံတတ်ကြပဲ မှားတယ်.... လို့ ယူဆလိုက်ကြပါတယ်.... ကြာလာတော့ အဲ့လို လူတွေက အမြင်ကျဥ်းမြောင်းတဲ့ လူတွေဖြစ်လာတယ် ..... တစ်ဖက်ပိတ် ၀ါဒီ သမားဆန်လာတယ်။ အဲ့လို တစ်ယူသန်စိတ် တွေနဲ့ ခေါင်းမာလာပြီး နောက်ဆုံးမှာ “ ဂွစာ “ ဆိုတာ ဖြစ်လာပါတယ်။... မိတ်ဆွေသာ အဲ့လို လူမျိုးတစ်ယောက် ဖြစ်နေရင်တ...

“စကားနားထောင်ကောင်းသူဖြစ်ပါစေ”

Image
“စကားနားထောင်ကောင်းသူဖြစ်ပါစေ”           ကျွန်တော်တို့အနေနဲ့ များသောအားဖြင့်တော့ စကားပြောကောင်းသူ လို့ပဲ ကြားဖူးကြပါတယ်။ စကားနားထောင်ကောင်းသူလို့ကြားဖူးကြသူနည်းပါလိမ့်မယ် ။ ဒီတော့ စကားနားထောင်‌ကောင်းသူဆိုတာ ဘယ်လိုလူမျိုးကိုခေါ်တာလဲ? စကားနားထောင်ကောင်းသူဖြစ်ရင် ဘာတွေကောင်းလို့လဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။           ဒီတော့ စကားနားထောင်ကောင်းသူဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အကြမ်းဖျဥ်း ပြောပြရမယ်ဆိုရင် သူက “တစ်ဖက်သားစကားပြောနေစဥ်မှာ စကားကို လုပြီးမပြောတတ်ဘူး။ ကြား၀င်ပြီးလဲ ဖြတ်မပြောဘူး။ တဖက်က ပြောတဲ့ စကားကို တုံ့ပြန်ပြီး ပြန်ပြောဖို့ စိတ်မရှည်စွာ စောင့်နေတတ်သူလဲ မဟုတ်ဘူး။ တစ်ဖက်က စကားပြောနေတဲ့ သူရဲ့ မျက်နှာကို သေချာ ကြည့်ပြီး (မျက်နှာလွှဲတာမျိုး မလုပ်ပဲ) ပြောတဲ့ စကားကို သေချာလုံးစေ့ပတ်စေ့ နားလည်အောင် ဂရုစိုက် နားထောင်တတ်သူ ပြီးမှ မရှင်းတာရှိတာ သိချင်တာ ပြောချင်တာကို သေချာစွာပြန်ပြောတတ်သူ” ကို ဆိုလိုပါတယ်။ ဒီလို လူမျိုးတွေဟာ ကျွန်တော်တို့ ပတ်၀န်းကျင်မှာတော်တော် ကိုရှားရှားပါးပါး တွေ့ရမှာပါ၊ ရှိတော့ ရှိတယ် ရှားတယ် ဆိုတာ မျိုးပေါ့။ ...

𝐓𝐡𝐞 𝐆𝐮𝐲𝐬 𝐨𝐟 𝐑𝐚𝐧𝐠𝐨𝐨𝐧 𝟏𝟗𝟑𝟎 (The End)

Image
The Guys of Yangon,1930 ( The End) Source From The Guys of Yangon Facebook Page Credit to Sr. Khat Zaw အခန်း(၃၄) ……………. ၁၉၄၄ နိုဝင်ဘာ ၃၀ ရက်။ မြောင်းမြထောင်၊ ဆေးရုံဆောင်၊ အခန်း(၃)။ ည (၁၁)နာရီ သံချောင်းခေါက်ပြီးချိန်။ "နင့်ကို ငါ တမင်သတ်တာမဟုတ်ဘူး..ငါ တမင်သတ်တာမဟုတ်ဘူး" "ခင်ဗျားကို ကျွန်တော် သနားလို့ သတ်တာနော်..သတ်ချင်လို့မဟုတ်ဘူး..ဦးဟုတ်ဂွမ်" ငိုက်မြည်းနေသော ထောင်စောင့်ရဲကင်းသားလေးပင် လန့်နိုးသွားသည်။ သို့သော် လူမိုက်ကြီးလမ်းမတော်ဖိုးတုတ်၏ အခန်းမှ လာသောအသံများဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ လမ်းမတော်ဖိုးတုတ်ကို ရန်ကုန်ထောင်ကြီးမှ မြောင်းမြထောင်သို့ ပို့လိုက်သည့်အချိန်ကတည်းက ဖိုးတုတ်၏ ကျန်းမာရေးမှာ အားရစရာမရှိ။ ဂျပန်တို့ တင်ဆောင်လာသည့် စစ်သုံးလော်ရီကားမှာ အမိုးမရှိသည့်အတွက် နေပူကြဲကြဲတွင် အကျဉ်းသားများ အားလုံး ပင်ပန်းနေကြသည်။ ထိုအချိန်က မြောင်းမြထောင်သည် ဂျပန်အုပ်ချုပ်မှုအောက် မရှိပဲ ဘီအိုင်အေ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ ရန်ကုန်မြို့မှ နာမည်ကျော်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ထောင်ပြောင်းပါလာမည်ဆိုသည့် သတင်းကို အကျဉ်းသားများအားလုံး...

𝐓𝐡𝐞 𝐆𝐮𝐲𝐬 𝐨𝐟 𝐑𝐚𝐧𝐠𝐨𝐨𝐧 𝟏𝟗𝟑𝟎 (32)

Image
The Guys of Yangon,1930(Part 32) Source From The Guys of Yangon Facebook Page Credit to Sr. Khat Zaw အခန်း(၃၃) ……………. ဘဘိုး က ဖိုးတုတ် အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်နေသော ဖိုးတုတ်ကို သေချာကြည့်လိုက်သည်။ "တကယ်ပဲ…လမ်းမတော်ဖိုးတုတ်ကြီးကိုဗျ…ရန်ကုန်တစ်မြို့လုံးက ကြောက်ရတဲ့ လူမိုက်ကြီး..ရန်ကုန်ရဲ့ ဘုရင်ကြီး..သြော်..အခုတော့လည်းဗျာ..သနားတောင် သနားမိပါရဲ့" ဖိုးတုတ်က အံကိုကြိတ်ပြီး ဘဘိုး ကို ခပ်တင်းတင်း ကြည့်လိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ရောဂါဘယများဒဏ်ကြောင့် ပိန်လှီနေသော်လည်း ဖိုးတုတ်၏ အကြည့်များကတော့ စူးစူးရဲရဲရှိလှသဖြင့် ဘဘိုး ဖြင့် ရွံ့တွန့်တွန့် ဖြစ်သွား၏။ "ငါ့ကို သတ်ဖို့လာတာမဟုတ်လား..ဘဘိုး..ဒီဘုန်းကြီးကျောင်းထဲတော့ မလုပ်ပါနဲ့ကွာ..ဒီကျောင်းက ငါ့ကို ဆေးကုပေး၊ ကျွေးမွေးပေးထားတာ၊ တော်ကြာ ငါ့အလောင်းကြီးကြောင့် ဘုန်းကြီးတွေ စိတ်ညစ်ကုန်ပါမယ်.. ကဲ..ဘယ်မှာ သတ်ချင်လဲပြော..ငါလိုက်ခဲ့မယ်" "ဟား..အခုတော့လည်း တယ်လည်း သေချင်နေပြီပေါ့လေ..သေရမှာပါ..သေရမှာပါ..ဒါပေမယ့်.ဒီမှာကြည့်စမ်း.. ခင်ဗျားတပည့်တွေလက်ချက်နဲ့ ကျုပ်ဘာဖြစ်ခဲ့လဲဆိုတာ" ဘဘိုးက ဆံပင်ဖြင့် အုပ်...